
ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယတွင် လူကြီးမိဘဆွေမျိုးများ၊ ဆရာသမားများ၊ ရိုသေထိုက်သူများအား ဂါရဝပြုကန်တော့ကြတာဟာ မြန်မာတို့ရဲ့တန်ဖိုးရှိလှတဲ့ ဂုဏ်ယူမြတ်နိုးဖွယ်ရာအစဉ်အလာတစ်ခုပဲ ဖြစ်ပါတယ်။ Myanmar Shining Star Distribution Co., Ltd. ၏ MD, Director နှင့် GM တို့အား ဂါရဝပြုကန်တော့ပွဲအခမ်းအနားကို 14.10.2024 (တနင်္လာနေ့) တွင် လှိုင်သာယာမြို့နယ်ရှိရုံး၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစီအစဉ်အရ Myanmar Shining Star ဝန်ထမ်းမိသားစုများမှ ဂါရဝပြုကန်တော့ခဲ့ကြပြီး MD နှင့် GM တို့မှ ဆုမွန်တောင်းစကားများပြန်လည်ပြောကြားပေးခဲ့ပါတယ်။ Myanmar Shining Star ၏ မိသားစုဝင်ဝန်ထမ်းများ၊ မိတ်ဟောင်းမိတ်သစ် Customer များနှင့် မြန်မာပြည်သူပြည်သားများအားလုံး ပျော်ရွှင်စရာသီတင်းကျွတ်အခါသမယလေးဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။